Skip to main content

Deep Web နဲ့ Dark Web ကဘာတွေလဲ...?


နေ့စဉ်နဲ့အမျှ လူတွေသုံးနေတဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်တွေကို Surface Web လို့ခေါ်ပါတယ်။

Google
Yahoo
Naver
အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ကတော့ မြေအောက်က  Deep Webပေါ့...။
Deep Web ကို invisible web ဒါမှမဟုတ် hidden web လို့လည်းခေါ်တယ်..။
Deep Web ကို Google ၊ Naver ၊ Chrome တို့မှာ ( search engine ) တိုက်ရိုက်ရှာလို့မရပါ။
Deep web ကိုရောက်သွားတာဟာ အဆုံးမရှိတဲ့ ဥမင်လှိုဏ်ခေါင်းတစ်ခုထဲကိုရောက် သွားတာနဲ့ အတူတူပါပဲ။ 
Dark Web ကို သွားချင်ရင် 
Tor Browser (The Onion Router ) or 
Tor App 
VPN (virtual private network)
လိုမျိုး အသုံးပြုသူရဲ့တည်နေရာ နဲ့ IP address ကိုဝှက်ပေးတဲ့ software မျိုးကို download အရင်လုပ်ရတယ်။
Tor ကတော့ နာမည်ကြီးတယ်။ အခမဲ့ download လုပ်လို့ရတယ်...။
အဲဒီ Tor software ဆိုတာဘာလဲ....?
Tor (The Onion Router) ကို ပထမဆုံး ယူအက်စ်ရေတပ်က တီထွင်လိုက်တာဖြစ်တယ်။ ကမ္ဘာလုံးဆိုင်ရာဆာဗာ ကွန်ရက်တစ်ခုဖြစ်တယ်။
၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှာ Tor Project လို့ ကွန်ပျူတာသိပ္ပံပညာရှင် Roger Dingledine၊ Nick Mathewson နဲ့ အခြားသူတွေဆက်ပြီးလုပ်ခဲ့တယ်။ အခုတော့ NGO အဖွဲ့တစ်ခုက ဆက်လုပ်နေပါတယ်။

ဒါ လူ့အခွင့်အရေးနဲ့ သက်ဆိုင်လို့ဖြစ်တယ်။

ဘာလို့လဲဆိုတော့ Tor ဟာ သူ့ကိုအသုံးပြုသူရဲ့တည်နေရာ နဲ့ IP address ကိုဝှက်ပေးတဲ့ software လေ..။

Tor software ဟာသုံးစွဲသူတို့ရဲ့ IP address ကိုရှုပ်ထွေးစေတာမို့ သင်ဟာဘယ်သူ၊ ဘယ်နေရာကလဲဆိုတာ မသိစေနိုင်ဘူးတဲ့..။

Tor က တစ်ဆင့် Dark Web သွားကြရတယ်...။

သာမန် software နှင့်သာသုံးစွဲနိုင်တဲ့ website တွေက www. နဲ့ စတယ်။

( 📖 World Wide Web = www.
ဥပမာ- https://www.google.com )

သာမန် web ရဲ့ အဆုံးမှာ
.com
.org
.kr.org
လို့အဆုံးသတ်တယ်။

Tor ကတစ်ဆင့်သွားတဲ့ Deep Web ကတော့( .onion ) နဲ့ အဆုံးသတ်လေ့ရှိတယ်။

Deep Web ရဲ့ ပုံစံ
( ဥပမာ- http://grams7enhjkytufi7jmdl.onion )

ကောင်းတဲ့ဘက်ကကြည့်ရင် ပညာရှင်တွေအတွက် အဖိုးတန်တဲ့ သတင်းအချက်အလက်တွေကို Deep Web မှာရှာနိုင်ပါတယ်။

အမှန်တော့ လူအများသိနေတဲ့ Google စတဲ့ search engine ပါတဲ့ ဆိုဒ်တွေမှာရှာလို့ရတဲ့ သတင်းအချက်အလက်တွေဟာ ၁၀% ပဲရှိတယ်။

တချို့တွေက ကမ္ဘာကိုလျှို့ဝှက်ချက်တွေပြောပြချင်ပေမဲ့ နာမည်မဖော်ချင်ဘူးလေ။

တချို့တွေကျတော့ သူတို့နေတဲ့နိုင်ငံကပြောရေးဆိုခွင့်မရ၊ အသတ်ခံရမှာစိုးလို့ နာမည်မဖော်ရဲသူတွေရဲ့ သတင်းတွေ အစုံရှိတယ်။

Surface Web တွေမှာ မတွေ့နိုင်တဲ့ သိပ္ပံပညာ၊ ဆေးပညာ စသည် ဘက်စုံကို Deep Web မှာရှာတယ်....။

ကောင်းတဲ့ဘက်ကကြည့်ရင် အန္တရာယ်ကျရောက်နေတဲ့သူတွေ၊ မတရားအလုပ်ခံနေရသူတွေ အမည်ဖော်မပြချင်ရင် Deep Web ကတစ်ဆင့် အချင်းချင်း အကူအညီတောင်းလို့ရတယ်။

အမည်ဖော်မပြချင်ဘဲ ရာဇဝတ်မှုတွေသတင်းပေးချင်ရင် Deep Web ကိုအသုံးပြုကြတယ်။

နောက်ဆုံး

Deep Web ထဲကို စူးစူးစိုက်စိုက် ရှာရင်းဖွေရင်း အမှောင်ဆုံးနေရာ Dark Web ကိုရောက်သွားတာပဲ..။

Dark Web ဆိုတာ Deep Web ရဲ့ အောက်ဆုံးက အစိတ်အပိုင်း အသေးလေးတစ်ခုသာဖြစ်တယ်...။

အဲဒီ dark web ဟာ အမှောင်လောကတစ်ခုပါပဲ..။ သိပ်ခြောက်ခြားစရာကောင်းတဲ့ ...ရွံစရာကောင်းတဲ့ နေရာပဲ..။

အဲ့ဒီမှာ Silk Road လို့လူသိများတဲ့ တရားမ၀င်ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုများအားလုံးကို ဝယ်ယူနိုင်တဲ့ digital black market တွေရှိနေတာပဲ။
အဲ့ဒီ Silk Road black market ကနေ

▪️ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ဗီဒီယိုတွေ ( ဥပမာ- လူသားတွေချက်ပြုတ်တဲ့ ဗီဒီယို၊ သေခါနီးလူကို သေတဲ့အထိ ရိုက်ထားတဲ့ ဗီဒီယို စသည်..)
▪️သက်ငယ် မုဒိမ်း ဗီဒီယို၊ ညစ်ညမ်း ဗီဒီယို၊ ဓာတ်ပုံ
▪️ငွေမည်းတွေကို ငွေဖြူလုပ်တဲ့စနစ် ( ဥပမာ-Bitcoin ကတစ်ဆင့် )
▪️မူးယစ်ဆေးဝါး အရောင်းအဝယ်၊
▪️သေနတ် အရောင်းအဝယ်၊
▪️လူ့ အသား အရောင်းအဝယ်၊
▪️ပတ်စပို့ အတု၊ မှတ်ပုံတင်အတု.. စတဲ့ အရာတွေ ဝယ်လို့ရတယ်။
( တရားမဝင်ရောင်းဝယ်တာမို့ အလိမ် အညာတွေလည်း များတယ်။)
Dark Web မှာ ဘယ်လိုလူတွေရှိနေသလဲ...။

💢 အကြမ်းဖက်မှု - ISIS အဖွဲ့နှင့်အခြားအကြမ်းဖက်အုပ်စုတွေ
💢မာဖီးယား
💢 စီးပွားရေး၊ မှောင်ခိုသမားတွေ
💢သက်ငယ် ညစ်ညမ်းဗီဒီယိုကြည့်ချင်တဲ့သူ
💢တရားမဝင်ပစ္စည်း အလဲအလှယ်လုပ်သူတွေ
💢နိုင်ငံရေးသမားတွေ
💢 လူကုန်ကူးသူတွေ
💢 အနက်ရောင် ဟက်ကာတွေ( black hat)
💢အငှါးလူသတ်သမားတွေ ခြေရှုပ်တဲ့နေရာ...။

Deep Web နဲ့ Dark Web က ဘာလို့ ကြောက်စရာကောင်းတာလဲ....?

ထိတ်လန့်တုန်လှုပ် အော်ဂလီဆန် ဖို့ကောင်းတဲ့ ဗီဒီယိုတွေကြည့်မိပြီး ဦးနှောက်ထဲကပြန်ထုတ်မရတော့တဲ့၊ စိတ်ဝေဒနာရသွားကြတယ်။
အမည်မပေါ်တဲ့အတွက် လူတွေဟာ သူတို့ မပြောပြချင် ၊ မပြောပြရဲတဲ့ ဘဝရဲ့လျှို့ဝှက်ချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးကြတယ်။ ဒါတွေဟာ သာမန်လူတွေအဖို့ ရှော့ခ်ရသွားနိုင်တယ်။
ဒါတွေကိုကြည့်မိတဲ့ သင်ကိုယ်တိုင် ရာဇဝတ်ကောင်ဆိုတာ သင်သိလာတဲ့ အချိန် သင့်မှာ အန္တရာယ်တွေ ဝိုင်းနေပါပြီ။
Deep Web မှာ အချို့သောကုမ္ပဏီတွေရဲ့ လုံခြုံရေးအစီအမံတွေ ချိုးဖျက်ပြီး နောက်ကွယ်မှကွယ်ဝှက်ထားသော သတင်းအချက်အလက်များလည်း ရှိနေတယ်။
အကယ်၍ သင်အဲ့ဒီအချက်အလက်တွေကိုယူမိရင် မူပိုင်ခွင့်ချိုးဖောက်မှုအတွက်တရားစွဲဆိုခြင်း (သို့မဟုတ်) ဖမ်းဆီးခြင်းခံရနိုင်တယ်။
ကိုယ်ကသေချာမသိပေမဲ့ တစ်စုံတစ်ယောက်ရဲ့လှို့ဝှက်ချက်ကိုကြည့်မိလို့ အဖမ်းခံရတဲ့အပြင်၊ အသက်ပါဆုံးရှုံးရတဲ့အထိဖြစ်နိုင်တယ်။
မတော်တဆ တစ်ခုခုကိုမှားဝင်မိပြီး ဆက်တိုက်ဆက်တိုက် လင့်ခ် တစ်ခုပြီးတစ်ခု ဝင်မိရာက ဘုမသိဘမသိ ရာဇဝတ်ကောင်ဖြစ်သွားနိုင်လို့ ကြောက်စရာကောင်းတာပါ။

တစ်ခါတစ်လေ သင်တောင်မသိပဲ သင့်ကွန်ပြူတာမှာ ဗီဒီယိုတွေ ဒေါင်းလော့ဒ်လုပ်မိ..။ သင် ရာဇဝတ်ကောင်လုံးလုံးဖြစ်တော့တာပဲ...။

💢 FBI နဲ့ undercover ဆိုင်ဘာရဲတွေက ရာဇဝတ်မှုတွေကို အမြဲမပြတ်စောင့်ကြည့်နေကြတဲ့ နေရာမို့ ဖြစ်တယ်။

Dark Web က ရာဇ၀တ်မှုကျူးလွန်တဲ့သူတွေကိုဖမ်းဖို့ အဓိကနည်းလမ်းတစ်ခုက သူတို့ အဲ့ဒီအထဲဝင်ပြီး အွန်လိုင်းလျှို့ဝှက်ထောက်လှမ်းခြင်းဖြစ်တယ်။
အီးမေးလ်လိပ်စာ စတဲ့ နည်းအမျိုးမျိုးနဲ့ရအောင်စုံစမ်းပြီးဖမ်းဆီးတယ်။
🚫 Deep Web နဲ့ Dark Web ကို စူးစမ်း၊ စပ်စုချင်တဲ့ စိတ်နဲ့ ဘယ်သောအခါမှ မစမ်းသပ်ပါနဲ့...🚫
လူသားတစ်ယောက် မကြည့်သင့်တဲ့ အရာတွေမို့...။ 
ဒါတွေမကြည့်ပါဘူး လို့ ဆုံးဖြတ်ပြီး Deep web ထဲဝင်သွားပေမဲ့ သင့်ကိုယ်သင် မယုံပါနဲ့..။ စူးစမ်းချင်တဲ့ စိတ်ဟာ သင့်ဘဝကို ပြောင်းလဲသွားနိုင်တယ်။
ငရဲဆိုတာ အခြားမရှိ...။ အဲဒီနေရာပဲ...။ အယုတ်မာဆုံး သတ္တဝါဟာ လူပဲရယ်လို့ အထင်လွဲမိလိမ့်မယ်...။
COVID-19 ကူးစက်ရောဂါကြောင့်ကမ္ဘာပေါ်က လူတွေ အိမ်ထဲမှာ ပိတ်မိနေကြရင်း ကွန်ပြူတာ တစ်လုံးနဲ့ မကောင်းမှုတွေ ကျူးလွန်ကုန်ကြတယ်။ 
တောင်ကိုရီးယားမှာလည်း Nth Room ရာဇဝတ်မှုတွေ...။
dark web က COVID-19 ကိုယ်ခံအားရှိတဲ့ သွေးတွေ အရောင်းအဝယ်လုပ်ကုန်တယ်။ ကာကွယ်ဆေးရထားတယ်ဆိုပြီး လိမ်လည် ရောင်းနေကြတယ်..။
အမှောင်မြေအောက် ကမ္ဘာက dark web ကို ကြည့်မိတဲ့ သူတို့ ရဲ့စိတ်ကျန်းမာရေးဟာ တကယ့် ငရဲသားတစ်ယောက်ရဲ့ စိတ်ကျမ်းမာရေးပါပဲ ...။ 
ရာဇဝတ်မှုတွေလည်း အများကြီး ဖြစ်လာနိုင်တယ်။ 
သတင်းအချက်အလက် ၁၀% ထဲက တရားဝင်သိခွင့်ရတဲ့ Surface Web က မှုခင်းတချို့တောင် အတော့်ကိုကြောက်စရာကောင်းနေတယ်။
ကျန်တဲ့ ၉၀% ထဲက အမှောင်လောက Dark Web ဟာ ဘယ်လောက်များ မှောင်နေလိုက်မလဲ...

credit ပါ ဗျာ 👌

Comments

Popular posts from this blog

She and The Ocean

An encounter with nature .

She was already beautiful . There is no need to make any additions .